ပွင့်ဖြူမြို့၊ စံပြကျေးရွာရှိ  “ဝင်းရောင်ခြည်” ဆီစက်လုပ်ငန်းအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်သည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ (၁၇..၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ပွင့်ဖြူမြို့၊ စံပြကျေးရွာရှိ ဝင်းရောင်ခြည်” ဆီစက်ပိုင်ရှင် ဦးမျိုးလွင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်က စားသုံးသူကာကွယ် ရေးဥပဒေ အခန်း() ပုဒ်မ () ပုဒ်မခွဲ()အရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ အခန်း(၁၀) ပုဒ်မ (၂၁) အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် (သို့မဟုတ်) ဝန် ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့ မဟုတ်) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များ အကြောင်း၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များ ပါရှိရန်လိုအပ်ကြောင်း၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်အကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)