ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

Powered by Drupal

      မြင်းခြံမြို့၊ အမှတ်(၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၆ ခုနစ်၊ ဩဂုတ်လ(၇)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ နိုင်ငံတော်မှသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသော စားအုန်း ဆီများ အိမ်ထောင်စုအလိုက်အပြည့်အဝ ဝယ်ယူရရှိနိုင်ရေးစားအုန်းဆီစာအုပ်များ စိစစ်ထုတ်ပေးမှု အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဆီအသင်းတာဝန်ခံနှင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ စာအုပ်များလာရောက် ဆောင်ရွက် သော အဆိုပါရပ်ကွက်ရှိရပ်ကွက်နေပြည်သူများအား  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက  Online ဖြင့်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online ကို အသုံးချပြီးအရောင်းအဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာ ဖြစ်ပါကြောင်း၊ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်အလက်များနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုဝယ်ယူ သုံးစွဲနိုင်မှသာ ဘေးကင်း လုံခြုံစိတ်ချရမှု ရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူ သုံးစွဲတတ်သည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာ လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူများ(၇၀)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)