
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင် သောဝန်ထမ်း(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ( ၂၈ ) ရက်၊ ( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အတွင်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ရောင်းချနေသော “ TTH ” နှင့် “ A1 ” မုန့်ဖိုများသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “ TTH ” နှင့်“ A1 ” မုန့်ဖိုများ၌ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ပြည့်စုံမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များဖြစ်သည့် ကိတ်မုန့်၊ပေါင်မုန့် စသည့်မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ကယား)
