
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် ဆေးနှင့် ဆေးပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချမှု မရှိစေရေးနှင့် လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ တာဝန် ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ဇေယျာရပ်ရှိ သစ္စာနှင့် ခိုင်ရွှေဖြိုး ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဆိုင်များအနေဖြင့် ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုး ခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်း ၊ ဆေးကဒ်တစ်ကဒ် ၁၀ဝိ/-မှ ၂၀ဝိ/-ထိ အရေအတွက်ပေါ် မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ် အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူ ရေးရာဦးစီးဌာမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါး မှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
