
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်အရကုန်စည်များတွင်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁)ရက်မှ (၁၅)ရက် အတွင်း ပြည်မြို့နယ်၊ ပြည်ခရိုင်ဦးစီးမှူးဦးဆောင်၍ မြို့ပေါ်ရပ်ကွက်စတိုးဆိုင်များ၌ ရောင်းချ လျက်ရှိသည့်ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်ပွဲစားလမ်း၊ ရွှေကူရပ်ကွက်ရှိ စတိုးဆိုင်များနှင့် အောင်ဆန်းရပ်ကွက်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပန်းတောင်းမြို့ပေါ် ရပ်ကွက်ရှိ ဆေးဆိုင်များ တွင်ရောင်းချလျက်ရှိသည့်ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်းသွားရောက်၍ ဈေးကွက် ရောက်ပြီးကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်းသတင်းရရှိပါသည်။ DOCA(ပဲခူး)
