ရွှေဘိုခရိုင် (၈/၂၀၂၆)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

 ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၆ခုနှစ် ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၃.၈.၂၀၂၆)ရက်နေ့တွင် စားသောက်ကုန်ပစ္စည်းရောင်းဝယ်သည့်လုပ်ငန်းရှင်၊ (၁၄..၂၀၂၆)ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်၊ (၇.၈.၂၀၂၆) ရက်နေ့တွင် မုန့်လုပ်ငန်းရှင်၊ (၁၇.၈.၂၀၂၆)ရက်နေ့တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတို့ဖြင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး ဥပဒေ၊  အမိန့် ၊ ညွှန်ကြားချက် များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)