
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် စားအုန်းဆီအား ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သော ပြည်သူလူထုများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန် ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်ဖြင့် ပြည်နယ်အစိုးရ အဖွဲ့နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူသယ်ဆောင်ပြီး ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၂၁) ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဆောင်၍ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီမှ အတည်ပြုသတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိ၊ စားအုန်းဆီ များ အဆမတန်အမြတ်တင်ရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီများအား နေရာမှန်၊ အချိန်မှန်၊ အရေ အတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန် စသည့် မှန်(၆)မှန်ဖြင့် ပြည်သူလူထု လက်ဝယ်အရောက် ရောင်းချသွားစေရေး၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရေးတို့ကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ စားအုန်းဆီလက်လီအရောင်းဆိုင်များအနေဖြင့် စားအုန်း ဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိပါကြောင်း၊ သတ်မှတ်အရေအတွက်အတိုင်း လူ တစ်ဦး တစ်ပိဿာနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ စားအုန်းဆီများအား နေရာမှန်၊ အချိန်မှန်၊ အရေအတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန် စသည့် မှန်(၆)မှန်ဖြင့် ပြည်သူ လူထုလက်ဝယ်သို့ အမှန်တကယ် ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်။
DOCA(ကယား)
