ဘီးလင်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၄.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ Denko၊ Puma၊ Solo၊ Royal စက်သုံးဆီဆိုင်နှင့် ပြည့်ဝစက်သုံးဆီဆိုင်များအား စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီရောင်းချနေမှု၊ ဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘီးလင်းမြို့နယ်အတွက် စက်သုံးဆီရောက်ရှိမှု အခြေအနေ၊ ရောင်းချနေမှုအခြေအနေတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချရာတွင် လီတာပြည့်/မပြည့် တို့ကို စစ်ဆေးခဲ့ပါသည်။ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်နှုန်းထားပမာဏပြည့်ဝစွာ ရောင်းချခြင်း ရှိ/မရှိ၊ ပုံးပေပါများနှင့် ရောင်းချခြင်း ရှိ/မရှိ တို့ကိုလည်း သွားရောက်စစ်ဆေးခဲ့ပါသည်။

          ဘီးလင်းမြို့နယ်အတွင်း စက်သုံးဆီရောင်းဈေးမှာ 92 Ron (၃၈၈၅) ကျပ်၊ 96 Ron (၄၀၀၅) ကျပ်၊ ဒီဇယ်ရိုးရိုး (၄၇၅၀) ကျပ်နှင့် ဒီဇယ်ဆီ (ပရီမီယံ) (၅၂၇၅) ကျပ်တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)