လူမှုစီးပွားရေးတိုးတက်ရေးအတွက် အိမ်တွင်းလက်ရက်ကန်းလုပ်ငန်း ဖော်ဆောင်နေ

Powered by Drupal

 

          ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးကျေးရွာ ကမ်းနားဒေသတွင် ဒေသခံများ၏လူမှုစီး ပွားဘဝ တိုးတက်စေရန် ရိုးရာလက်ရက်ကန်းလုပ်ငန်းကို အိမ်တွင်းအသေးစားစီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် လုပ်ကိုင်လျက်ရှိသည်။

          လက်ရက်ကန်းလုပ်ငန်းသည် ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေသည့်အပြင် မိရိုးဖလာရက်ကန်းများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရက်ကန်းစင် များဖြင့် ချည်မျှင်များကို အရောင်အသွေး၊ ဒီဇိုင်းများအလိုက် ရက်လုပ်၍ ဝတ်စုံနှင့် လူသုံးကုန်ပစ္စည်း များအဖြစ် ထုပ်လုပ်ရောင်းချလျက်ရှိသည်။

          အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်းဖြင့် ဒေသခံမိသားစုများ၏ ဝင်ငွေတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် ဒေသထွက်ရိုးရာထုတ်ကုန်များ ဈေးကွက်အ တွင်းပိုမိုကျယ်ပြန့်စွာ ဝင်ရောက်နိုင်ရန်အထောက်အကူပြုမည်ဖြစ်သည်။

          ထို့ပြင်ရွာသာအေးကျေးရွာ ကမ်းနားလက်ရက်ကန်းလုပ်ငန်းသည်အိမ်တွင်းလုပ်ငန်းမှ ဝင်ငွေတိုး၊ ရိုးရာပညာကို ထိန်းသိမ်း၊ ဒေသစီးပွားကို မြှင့်တင်ဆိုသည့်ရည်မှန်းချက်နှင့်အညီ ဒေသခံ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။

DOCA(ကရင်)