ကလေးများအတွက်အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

 

          ဘားအံမြို့၌ ၂၄--၂၀၂၆ ရက်နေ့ နံနက်၁၀၀၀နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု ၃၀ဦးအားကလေးများအတွက်  အစားအသောက် ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေး၏အရေးပါမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပွဲ ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ကလေးများ၏ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းပြီးအ ရည်အသွေးပြည့်မီသော အစားသောက်များစားသုံးနိုင်ရေးသည် အရေးကြီးကြောင်း၊ ကလေးများအ တွက် အစားအသောက်ဝယ်ယူရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်း များနှင့် အစားအသောက်ကုန်ညွှန်းအမှတ်အသားများကို စစ်ဆေးရွှေးချယ်ရန် လိုအပ်ကြောင်း အသိ ပညာပေးဟောပြောခဲ့သည်။

          ထိုပြင်ကလေးများအတွက် အဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် အစားအသောက်များကို ရွေးချယ်ပေးရန်၊ အရောင်အဆင်း၊ အရသာနှင့် ထုပ်ပိုးမှုကိုသာ အခြေခံ၍ မရွှေးချယ်ဘဲ အစားအ သောက်၏ အရည်အသွေးနှင့် ဘေးကင်းမှုကို လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စာသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍လည်း ကလေးများအတွက် ဝယ်ယူသည့်ကုန်စည်နှင့် အစားအသောက် များ ဘေးကင်းလုံခြုံမှုရှိစေရေးသည် မိဘများနှင့် အုပ်ထိန်းသူများ၏ အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်ကြောင်း၊ မသင့်လျော်သော (သို့) အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကြောင့် ထိခိုက်နစ် နာမှုရှိပါက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့သည်။

          အဆိုပါအသိပညာပေးဟောပြောပွဲမှတစ်ဆင့် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နမှ ဝန်ထမ်းများအနေဖြင့် ကလေးများအနေဖြင့် ကလေးများအတွက် အစားသောက်ဘေးကင်းရေး နှင့် စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိလာပြီး မိမိတို့၏ မိသားစုနှင့် လူမူအသိုက် အဝန်းအတွင်း ပြန်လည်မျှဝေပေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)