ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “နီလာ” စတိုးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန် ခံသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပိတောက် မြိုင်ရပ်ကွက်ရှိနီလာစတိုးဆိုင်အား စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း()ဦးတို့ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ နီလာစတိုးတွင် ရောင်းချလျက်ရှိသော အစားအသောက် ကုန်စည်များ နှင့် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရေသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွန်း အမှတ်အသားများကို မြန်မာ ဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း  အမျိုး အမည်၊ အရွယ်အစား အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင် သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်တင်သွင်း ဖြန့်ဖြူး သူ၏ အမည်နှင့်လိပ်စာဖော်ပြထားရှိမှု၊ ထုတ်ပိုးမှုအခြေအနေနှင့် စားသုံးရန်သင့်လျှော်မှုတို့ကို စနစ်တကျ စိစစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ အကြောင်း နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို အသေးစိတ်ရှင်းလင်း ပြော ကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစား အသောက်များကို သာရောင်းချရန်၊ သက်တမ်းလွန် ကုန်ပစ္စည်းများနှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်း များ နှင့် သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်များပါရှိသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ရောင်းချရန် အသိပညာပေး ပြောကြား ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ဈေးသည်အား မိမိတို့ဌာန၏ အမိန့်ကြော်ငြာစာအမှတ် (/၂၀၁၉) ကုန်အညွှန်း အမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)