ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ကျင်းပ

Powered by Drupal

          ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း ဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းအား ၂၀-၈-၂၀၂၆ရက်နေ့ နံနက်(၀၉၃၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ သင်တန်းဖွင့်လှစ်ပွဲကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိက သင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းနည်းပြများနှင့် သင် တန်းသား/သူများ ရင်းနှီးစွာမိတ်ဆက်စကား ပြောကြား၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          သင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းက နိုင်ငံဝန်ထမ်းနည်းဥပဒေ အကြောင်းသိ ကောင်းစရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအ ရာရှိက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့အတွက် နှစ်စဉ်ဆောင်ပုဒ်များအဓိပ္ပါယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်၍ လုပ်ဆောင်မှုနှင့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ ရုံးစာရေးသားရာတွင် စံပြုလိုက် နာရမည့် အချက်များကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်စမ်းစမ်းမြင့် ဦးစီးအရာရှိက ငွေစာရင်းဆိုင်ရာကိစ္စရပ် ဌစများအကြောင်းကိုလည်းကောင်း ဘားအံခရိုင် ထွေအုပ်မှဒု-ဥပဒေအရာ ရှိက ဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ထွေ/အုပ်မှ ကိုင်တွယ်ကျင့်သုံးသောဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် မြို့/ရွာ/ရက်ကွပ်/ကျေးရွာများဆိုင်ရာမြေရရှိရေးကိစ္စများကိုလည်းကောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားဦးရေ (၁၄)ဦး တက်ရောက်ခဲ့ ကြောင်းနှင့် သင်တန်းအား (၂၀-၈-၂၀၂၆) ရက်နေ့နှင့် (၂၁-၈-၂၀၂၆) ရက်နေ့အထိ (၂) ရက်တာ သင်တန်းအဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)