(မိုး)မြေပဲ

Powered by Drupal

 

    ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ လောပိတမြို့နယ်နှင့်ဆိုလဆယ်ကျေးရွာများတွင် မိုးမြေပဲကို မိသားစုစားသုံးရန်နှင့် ဒေသတွင်းရှိဆီစက်များသို့တင်ပို့ရန်အတွက်အများအပြား စိုက် ပျိုးကြပါသည်။ မြေပဲတွင် မိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပါသည်။ ယခုအခါမိုးတွင်း ကာလ ဖြစ်၍ မိုးမြေပဲကိုအဓိကထားစိုက်ပျိုးကြပါသည်။

    မြေပဲစိုက်ရာတွင် မြေကို ဘောင်များ ဖော်ပြီးဘောင်ပေါ်တွင်မြေပဲကိုအတန်းလိုက်စိုက်ပျိုး၍ ရေသွင်းရလွယ်ကူပြီး မိုးများပါကရေဝပ် ခြင်းမှကာကွယ်ပေးပါသည်။ မျိုးစေ့ချရာတွင် တစ်ကျင်း လျှင်မျိုးစေ့ (၁)စေ့မှ(၂)စေ့သာချပြီးမြေ ကြီးထဲသို့ ၁.၅လက်မမှ၂လက်မခန့်အနက်တွင် စိုက်ရပါ သည်။ မိုးရာသီတွင် ပေါင်းမြက် အလွန်တက်တတ်သဖြင့် စိုက်ပြီး ရက်(၂၀)နှင့် (၄၀)အတွင်း ပေါင်း နှစ်ကြိမ်မဖြစ်မနေလိုက်ပေးရပါသည်။ ရက်(၄၀)ဒုတိယအကြိမ် ပေါင်းလိုက်ချိန်တွင် အပင်ခြေကို မြေပွပွဖြင့် မြေတောင်မြှောက် ပေးရပါသည်။ မိုးမြေပဲကို မိုးဦးကျ မေလလယ်နှင့်ဇွန်လလယ်တွင် စိုက်ပျိုးကြသည်။

          မြေပဲရိတ်သိမ်းချိန်ကို စက်တင်ဘာလမှအောက်တိုဘာလထိရိတ်သိမ်းကြပြီး များသောအား ဖြင့် သက်တမ်း တိုစိုက်ကြသဖြင့် ရက်ပေါင်း(၁၀၀)မှ   (၁၀၅)ရက်ခန့် ကြာတက်ပါသည်။ ထို့နောက် မြေပဲအရွက် များဝါလာချိန်၊ အတောင့်၏၇၀% ရင့်ချိန်တွင် ရိတ်သိမ်းကြပါသည်။ ခူးဆွတ်ပြီးအစို ဓာတ်ရှိသောကြောင့် ၃-၄ ရက်ခန့် အခြောက်ခံ နေလှန်းထားပြီး သိမ်းဆည်းထားပါသည်။ စိုက်ပျိုး ရန်အတွက် မြေပဲမျိုးစေ့ (၆)တင်းမှ (၈)တင်း အထိလိုအပ်ပါသည်။ အခြောက်ခံပြီးရလာသော မြေပဲကို ကြိတ်ပြီးဆီအဖြစ်လည်းကောင်း၊ မြေပဲလှော်၊ မြေပဲ ယို၊မြေပဲစားလှော်ပြုလုပ်၍   သရေစာ အဖြစ်လည်းစားသုံးကြပါသည်။ ဆီကြိတ်ပြီးထွက်လာသော မြေပဲဖတ်များကို နွား၊ကြက်၊ဝက်မွေးမြူ ရေးတွင်၎င်းတို့၏အစာအဖြစ် အသုံးပြုကြပါသည်။ မြေပဲခွံကို မြေဆွေးအဖြစ်လည်း အသုံးပြုကြ ပါသည်။  

     မြေပြင်စရိတ်အနေဖြင့်ထယ် ထိုးခြင်း၊ ထွန်မွှေးခြင်းနှင့် ဘောင်ဖော်ခြင်းများအတွက် စက်သုံး ဆီနှင့် စက်ငှားရမ်းခများ ပါဝင်ပြီး မျိုးစေ့ဝယ်ယူခနှင့် မျိုးစေ့ခွာခများလည်း ကုန်ကျပါသည်။ သဘာဝ မြေဩဇာနွားချေး၊ကွန်ပေါင်းနှင့်ဓာတ်မြေဩဇာများဝယ်ယူခကုန်ကျသည့်အပြင်မြေပဲ အပင်ပြုစုရာ တွင် ပေါင်းမြက်နှိမ်နင်းခြင်းနှင့် မြေ တွင်းအောင်းပိုးကာကွယ်ရေးဆေးဖျန်းခြင်း စရိတ်များလည်း ကုန်ကျပါသည်။ မြေပဲနုတ်ခြင်း၊ဆွတ်ခူးခြင်း၊သယ်ယူခြင်းနှင့် အခြောက်လှန်ခြင်းတို့အတွက် နေ့စား လုပ်အားခ များအပါအဝင် တစ်ဧကလျှင် (၈)သိန်းမှ (၁၀)သိန်းကျပ် ဝန်းကျင်ခန့် ကုန်ကျပါ သည်။

     ပျမ်းမျှအားဖြင့် တစ်ဧကလျှင် မြေပဲတောင့်(၄၅)တင်းမှ (၅၀)တင်း အထိထွက်ရှိပါသည်။ လက်ရှိ   ကယားပြည်နယ် တွင် မြေပဲတောင့်(၁)ပိဿာဈေးနှုန်းမှာ (၆၀၀၀)ကျပ်ခန့်ရှိပြီး မြေပဲတစ်တင်းလျှင် ဈေးနှုန်း (၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အထွက်နှုန်းကောင်းမွန်ပါက တစ် ဧက လျှင်စုစုပေါင်း (၁၆) သိန်းမှ (၂၀)သိန်း အထိရရှိနိုင်ပြီး ကုန်ကျစရိတ်နုတ်ပြီးပါက တောင်သူ အတွက် (၈)သိန်းမှ (၁၀)သိန်း ဝန်းကျင်အထိ အသားတင်အကျိုးအမြတ် ကျန်ရှိနိုင်ပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကယားပြည်နယ် မြေပဲစိုက်ပျိုးမှုမှာ ဇူလိုင်လကုန်အထိ (၅၄၅၂) ဧကခန့် စိုက်ပျိုး ခဲ့ပြီး ဖြစ်ပါကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းအရ သိရှိရပါသည်။

    ဩဂုတ်လတွင်မြေပဲများစတင်ထွက်ရှိပြီး မြေပဲများကို ပြုတ်၍ သီရိမင်္ဂလာဈေးအတွင်း၌ နို့ဆီ (၁)ဘူးလျှင် ၁၀၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)