
၂၀.၈.၂၀၂၆ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီကဦးစီးပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက် ရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ တရား မဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်ရှိ ဆေးဆိုင်များ တွင် ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိကြောင်းနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်း မရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
