ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသော ကုလားပဲသီးနှံ ဈေးနှုန်းအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း မြို့နယ်များ၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူမြို့တစ်ဖက်ကမ်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကုလားပဲ 929 ၊ V6 ၊ V2 ၊ HL သီးနှံများကို ပခုက္ကူကုန်စည်ဒိုင်တွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုလားပဲသီးနှံများဖြစ်သည့် 929 ၊ V6 ၊ V2 ၊ HL ကုလားပဲသီးနှံများ စတင်ထွက်ပေါ်သည့် အချိန်တွင် ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ 929 တစ်တင်းလျှင် (၇၄၀၀၀)ကျပ်၊  V6 တစ်တင်းလျှင် (၇၄၅၀၀) ကျပ်၊ V2 တစ်တင်းလျှင် (၇၂၀၀၀)ကျပ်နှင့် HL တစ်တင်းလျှင် (၇၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

           ကုလားပဲသီးနှံဈေးနှုန်း အပြောင်းအလဲမှာ ထူးခြားပြောင်းလဲမှုမရှိပဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအကုန် ဩဂုတ်လအစ (ပထမပတ်)တွင် ကုလားပဲဈေးနှုန်းများမှာ 929 တစ်တင်းလျှင် (၇၅၂၀၀)ကျပ်၊  V6 တစ်တင်းလျှင် (၇၃၅၀၀)ကျပ်၊ V2 တစ်တင်းလျှင် (၇၃၅၀၀)ကျပ်နှင့် HL တစ်တင်းလျှင် (၇၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုလားပဲ 929 နှင့် ကုလားပဲ V2 သီးနှံများမှာ ပြည်ပဝယ်လိုအားရှိသောကြောင့် ဈေးနှုန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကုလားပဲသီးနှံများမှာ ရာသီကုန်ချိန်ဖြစ်ခြင်း၊ ဈေးကွက်ဝယ်လိုအားရှိခြင်းတို့ကြောင့် ဩဂုတ် လ(တတိယပတ်)တွင် ကုလားပဲဈေးနှုန်းများမှာ 929 တစ်တင်းလျှင်(၈၃၀၀၀)ကျပ်၊ V6 တစ်တင်းလျှင် (၇၆၅၀၀)ကျပ်၊ V2 တစ်တင်းလျှင် (၈၃၀၀၀) ကျပ်နှင့် HL တစ်တင်းလျှင် (၇၂၅၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဩဂုတ်လ (ပထမပတ်)နှင့် နှိုင်းယှဉ်ကြည့်လျှင် 929 တစ်တင်း လျှင် (၇၈၀၀)ကျပ်၊  V6 တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ V2 တစ်တင်းလျှင် (၉၅၀၀)ကျပ်ဈေးနှင့် ကုလားပဲ HL ပဲအနေဖြင့် ပြည်တွင်း၌ အများဆုံးအသုံးပြုသည့်အတွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး  ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)