“ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော”

Powered by Drupal

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ဩဂုတ်လ၊ ဒုတိယအပတ်တွင် မြို့နယ်ကျောင်းကျန်းမာရေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ လားရှိုးမြို့၊ အမှတ်(၉)၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၅၀) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အခြေအနေများအား အသိပညာ ပေးဟောပြောခဲ့ပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူ၏ အခွင့် အရေးများနှင့်တာဝန်များအားလည်းကောင်း၊ ကုန်စည်များ ဝယ်ယူရာတွင် သတိပြုလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြချက်များအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)