ပေါင်မြို့နယ် ဒေသထွက်ခဝဲသီးများ ဈေးကောင်းရရှိ

Powered by Drupal

          ပေါင်မြို့နယ်၌ ဒေသခံတောင်သူများ အိမ်ခြံဝင်းနှင့် စိုက်ခင်းများတွင် တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးကြသည့် ခဝဲသီးများ ဈေးကွက်အတွင်း ဝယ်လိုအား ကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစုများဝင်ငွေ တိုးပွားလျက်ရှိကြောင်း သိရသည်။

          ခဝဲပင်သည် စိုက်ပျိုးပြီး ၄၅ ရက်မှ ရက် ၅၀ အတွင်း စတင်ဆွတ်ခူးရောင်းချနိုင်ပြီး ပြုစုထိန်သိမ်းရ လွယ်ကူသည့်အပြင် ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်း လွယ်သော သီးနှံ အမျိုးအစားဖြစ်သည်။

          ခဝဲသီးများကို မြို့ပေါ်ဈေးများနှင့် ကုန်စိမ်းကုန်သည်များအား ခဝဲသီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို လာရောက်ဝယ်ယူကြပြီး ခဝဲသီးအကြီး၊ အသေး‌ပေါ် မှုတည်ပြီး တစ်တောင့် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ ဈေးကောင်းရရှိလျက်ရှိသည်။ ပေါင် မြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီး ဟင်းရွက်များကို စိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့်အပြင် မိသားစုအပိုဝင်ငွေများလည်း ရရှိလျက် ရှိသည်။

DOCA (မွန်)