ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အခြားမိတ်ဖက် ဌာနတို့နှင့်းပူးပေါင်းပြီး ၁၂.၈.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ရေစင်ကွင်းဈေးရှိ အောင်သိဒ္ဓိ(ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ OnE TEa အမှတ်တံဆိပ် (နို့ဆီ)တွင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက် များကုန်စည်အုပ်စုရှိ နို့ဆီတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာပြည်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အားသက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှားအတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)