ကျောက်ပန်းတောင်းမြို့ စံပြ အ.မ.က ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ စံပြအခြေခံပညာ မူလတန်း ကျောင်းတွင်(၅.၈.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်၌ ကျောက်ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ကျောင်းမုန့်ဈေးရောင်းချသောဈေးသည်များအားစားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)က အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံး သူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြ ပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်နမူနာများဖြင့်ပြသရှင်းလင်းခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ နေရာများ၊ နည်းလမ်းများ ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ တိုင်းရင်းဆေး ကုဌာနမှ တာဝန်ရှိသူများက တိုင်းရင်းဆေးဝါးများ၊ ကျန်းမာရေးအကြောင်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ပြီး  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၄)ဦး ဆရာ/ ဆရာမ(၇) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၈၅)ဦး၊ ကျောင်းမုန့်ဈေးသည် (၄)ဦး၊ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)