ကျောက်တံခါးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက် တံခါးမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား လုပ်ဆောင်လျက်ရှိရာ ၂၆.၆.၂၀၂၆ ရက်နေ့တွင် ခရိုင်ဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ကျောက်တံခါး မြို့နယ်တာဝန်ခံတို့သည် ပဲနွယ်ကုန်းမြို့၊ ပပ -၁ ပြည်တော်သာရပ်ကွက်၊ ဦးရန်နိုင်စိုး ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ကျောက်တံခါး မြို့နယ်တာဝန်ခံတို့သည် ပဲနွယ်ကုန်းမြို့၊ ပပ -၁ ပြည်တော်သာရပ်ကွက်၊ ဦးရန်နိုင်စိုး ကုန်စုံဆိုင်တွင် စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုလုပ်ကြရန်၊ သတ်မှတ်ထားသော သတ်မှတ် ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် ရောင်းချရာတွင်လည်း မှန် (၆) မှန်ဖြင့် ရောင်းချရန်၊ ဆီစာအုပ်များအတိုင်း အကြိမ်ရေ မှန်ကန်စွာ ရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ပဲနွယ်ကုန်းမြို့၊ ပပ -၁ ပြည်တော်သာရပ်ကွက်၊ ဦးရန်နိုင်စိုး ကုန်စုံဆိုင်တွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)