
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ Online Shopping လျှောက်ထားရမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သတ်သည့် ခေါင်းစဉ်အလိုက် ရှင်းလင်းပြောကြားခဲ့ပါသည်။
Online Shopping မှတ်ပုံတင်လျှောက်ထားလိုသည့် ဒေါ်နွဲ့နွဲ့ဝင်း ငါးပိလုပ်ငန်းနှင့် ဒေါ်တင်မိုးခိုင်ရွှေစင်စစ်အထည်ဆိုင် လုပ်ငန်းရှင်တို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး က လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး တစ်ပါတည်းဆောင်ရွက်ခဲ့ပါသည်။သိလိုသည်များရှိပါက လည်း (1535) Consumer Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
