ကျွန်းလှမြို့၊ မူလွန်ပျဉ်းမြိုင်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများအား  ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ မူလတန်းလွန်ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း()ဦးတို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ကျောင်းကော်အတီအဖွဲ့ဝင် ဆရာ/ဆရာများ နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအသောက် ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အမျိုးအမည်၊ အရွယ်အစား အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မ တည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင် သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသူ၏ အမည်နှင့်လိပ်စာဖော်ပြထားရှိမှု၊ ထုတ်ပိုးမှု အခြေအနေနှင့် စားသုံးရန် သင့်/မသင့်တို့ကို စနစ်တကျ စိစစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထို့နောက် ကျောင်းမုန့်ဈေးတန်းရှိ ဈေးသည်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းပြီး  အရည်အသွေးပြည့်မီသော အစားအသောက်များကိုသာရောင်းချရန်၊ သက်တမ်း လွန် ကုန်ပစ္စည်းများနှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊   မိမိတို့ဒေသ ထွက် ဘေးအန္တရာယ်ကင်းသည့် သဘာဝ အစားအစာများကို သန့်ရှင်းသပ်ရပ်စွာရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ရောင်းချရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစိစစ်ဆောင်ရွက်မှုသည် ကျောင်းသူ./သားများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို စိတ်ချလက်ချ စားသုံးနိုင်စေရန်နှင့် ကျောင်းမုန့်ဈေးတန်းများ စနစ်တကျရောင်းချနိုင်စေရန် ရည်ရွယ်၍ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပြီး  မုန့်ဈေးတန်းတွင် ရောင်းချနေသော ဈေးသည်များအား မိမိတို့ဌာန၏ အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)