
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး ဝန်ထမ်း များသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ အခြခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံနှင့် အငယ်တန်းစာရေး(၁)ဦး၊ နေ့စားဝန်ထမ်း(၁)ဦးတို့သည် စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ် လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ ၌ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူ အကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြု တတ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက် နှင့် စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄)ချက် နှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြား နိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင် လည်းကောင်း ၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက် ရေးစင် တာ(CICC)တွင် လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင် လည်းကောင်း ၊ MPT ; mytel ; Telenor ; Oredoo ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ အကျယ်တဝင့် ဟောပြောခဲ့ပြီး ဒေါ်ဝေဇင်အောင် အငယ်တန်းစာရေးမှ Online Sale ရောင်းချသူများအား Online မှတ်ပုံတင် လျှောက်ထားဆောင်ရွက်ရန် နှင့် လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း တို့အား ဆရာ/ ဆရာမ(၈)ဦး၊ ကျောင်းသား/သူ(၁၂၈) စုစုပေါင်း (၁၃၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံမှ လိုအပ်သည့်များ ဆက်လက်ပြောကြားပြီး ကျောင်းသား/ သူ များအား ဟောပြောပွဲတွင် ဟောပြောခဲ့သည့် အကြောင်းအရာများအား ပြန်လည်စိစစ်မေးမြန်းပြီး ကျောင်းသား/သူ(၃)ဦးတို့အား ဗလာစာအုပ်နှင့်ဘောပင်များ ဆုချီးမြှင့်ခဲ့ပြီး စားသုံး သူကာကွယ်ရေးလုပ်ငန်းသည် တစ်ကြိမ်တစ်ခါဟောပြောဆွေးနွေးရုံဖြင့် ပြီးဆုံးသည့်လုပ်ငန်း မဟုတ် ကြောင်း ကျောင်းသား/သူများအနေဖြင့် စားသုံးသူများ၏လိုက်နာရမည့် တာဝန်များကို လိုက်နာ ဆောင်ရွက်တတ်ပြီး စားသုံးသူအခွင့်အရေးများကို တောင်းဆိုတတ်တဲ့သူတွေဖြစ်ကြပါစေလို့ နိဂုံးချုပ်ပြောကြားခဲ့ပြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
