ကျိုက်မရောမြို့နယ်၊ အ.လ.က(ခွဲ)သင်္ဃန်းချောင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    ၁၃.၇.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမင်းနောင်သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ အ.လ.က (ခွဲ) သင်္ဃန်းချောင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသားလူငယ်များ  ဗဟုသုတ  ရရှိစေရန်  (၇၉)  နှစ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်၍ အာဇာနည်ခေါင်းဆောင်  (၉) ဦး၏ သမိုင်း အကြောင်းအရာများ၊   ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး များကို ပညာပေးဟောပြောခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးမင်းနောင်က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)