
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ (၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ အင်းကုန်းကျေးရွာနှင့်ကျားအိုးကြီးကျေးရွာများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးမောင်ထူး (ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များအကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြား နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ အင်းကုန်းကျေးရွာ နှင့် ကျားအိုကြီးကျေးရွားများမှ ကျေးရွာသူ/ကျေးရွာသားစုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ ကျောက်ဆည်ခရိုင်စာရင်းစစ်ရုံးမှ ခရိုင်စာရင်းစစ်အရာရှိ နှင့်ဝန်ထမ်းများ၊ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ကျေးရွာများမှတာဝန်ရှိသူများ၊ကျောက်ဆည်ခရိုင်စာရင်းစစ်ရုံးမှ ခရိုင်စာရင်းစစ်အရာရှိနှင့်ဝန်ထမ်းများမှ စားသုံးသူအကာအကွယ်ပေးရေးနှင့်ပတ်သက်၍ သိရှိနားလည်မှုမည်မျှရှိသည်ကို မေးခွန်းများမေးမြန်းခြင်း ၊ တစ်ဦးချင်းအလုပ်အကိုင်များမေးမြန်းခြင်း ၊ ဆရာ/ဆရာမများဖြစ်ပါက အပြန်အလှန်ဆွေးနွေး မေးမြန်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
