ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

              ရှမ်းပြည်နယ်(မြောက်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(6)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင်မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ လားရှိုးမြို့၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၉၂)ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

           အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အခြေအနေများအား အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် ပြဋ္ဌာန်းထားသော စားသုံးသူတို့၏ အခွင့်အရေးများနှင့်တာဝန်များအား ဥပမာ၊ သာဓကများနှင့်ရှင်းလင်းဟောပြောခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများ ဗဟုသု တကြွယ်ဝစေရန် ထည့်သွင်းဟောပြော ခဲ့ကြောင်း သိရှိရပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော  မြို့နယ် ကျောင်းကျန်းမာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့သည် ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချနေသော မုန့်များ၌ မြန်မာစာကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိခြင်း ရှိ/မရှိ ၊ ကျန်းမာရေး နှင့်ညီညွတ်မှုမရှိသော အစားအသောက်များရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)