
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်၊ နံနက် (၁၀:00) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့ရုံးတို့မှ ဌာနကိုယ်စားလှယ်(၁)ဦးစီ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လွိုင်လင်မြို့ပေါ်ရှိ ရွှေတောင်တန်း စားသောက်ဆိုင်၊ ရွှေသံဇဉ် စားသောက် ဆိုင်နှင့်ရှမ်းမေတ္တာ စားသောက်ဆိုင်တို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး(ဦးစီးအရာရှိ)သည် အစားအသောက်များ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ ပြင်ဆင်ချက်ပြုခြင်း ရှိ/မရှိ၊ စားသုံးသူများအား လုံလောက်သော သတင်းအချက် အလက် များ ဖော်ပြထားခြင်း ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည် သန့်ရှင်း မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှု ရှိစေရန်၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ထားရန်နှင့် ရေမြောင်းများအား အမှိုက်များဖြင့် ပိတ်ဆို့မှုမရှိအောင် ရေစီးရေလာကောင်းမွန်စွာပြုလုပ်ထားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)
