မော်လမြိုင်မြို့ရှိ မိုတယ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူတိုင်ကြားမှုအား ညှိနှိုင်းဖြေရှင်း

Powered by Drupal

          ၁.၇.၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၊ ဘူတာအနီး၊ မြေနီကုန်းရပ်ကွက်ရှိ မိုတယ်တွင် တည်ခိုးရန် တစ်ယောက်ခန်းတစ်ခန်းစီစဉ်ပေးရန် သွားရောက်ငှားရမ်းခဲ့ရာ တစ်ယောက်ခန်းရရှိ နိုင်သော်လည်း ငှားရမ်းပေးရန် မန်နေဂျာမှ ငြင်းဆိုပြီး ဈေးပိုများသော နှစ်ယောက်ခန်းကိုသာ ငှားရမ်းပေးခြင်း၊ အဆင်ပြေအောင်စီစဉ်ပေးမည်ဟု ပြောဆိုခဲ့ သော်လည်း တည်းခိုခဲ့သည့် ၂ ရက်စာငွေကို (၂) ‌ယောက်ခန်းအတွက်အပြည့်တောင်းပြီး တည်းခိုခန်းခအပြည့်အဝမရရှိသဖြင့် စားသုံးသူ၏ ယာဉ်မောင်း လိုင်စင်အား ပြန်မပေးဘဲ သိမ်းဆည်းထားပါသဖြင့် ယာဉ်မောင်းလိုင်စင်အား ပြန်လည်ရလိုပါကြောင်း ဖြေရှင်းပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်၍ စာဖြင့် တိုင်ကြားလာခဲ့ပါသည်။

          တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက မိုတယ်မန်နေဂျာနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ရာ စားသုံးသူအား တစ်ယောက်ခန်း ပြန်လဲပေးရန် စီစဉ်ထားသော်လည်း ၎င်းတို့အနေဖြင့်လိုအပ်ချက်များရှိသွားပါသဖြင့် စားသုံးသူနှင့် လုပ်ငန်းရှင်အကြား နားလည်မှုလွဲမှားခြင်းဖြစ်သွားပါကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်ဘက်မှ စားသုံးသူ၏ ယာဉ်မောင်းလိုင်စင်အား ပြန်လည်ပေးအပ်ခဲ့ပါသည်။ စားသုံးသူကလည်း ၎င်း၏ ယာဉ်မောင်းလိုင်စင်ကို ပြန်လည်ရရှိသွားသဖြင့် ကျေနပ်မှုရှိပြီး အမှုအား ပြန်လည် ရုပ်သိမ်းသွားကြောင်း သိရှိရပါသည်။

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိပါက တိုင်ကြားမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းပေးလျက်ရှိကြောင်း သိရှိရပါသည်။            

DOCA (မွန်)