
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ ဝန်ထမ်း များအနေဖြင့် အသိပညာဗဟုသုတများ ရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရာ၌အဆင်ပြေချော မွေ့မှုရှိစေရန်နှင့် စွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ (၁၁.၆.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ(၁၂.၆.၂၀၂၆)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်ထိ စားသုံးသူကာကွယ်ရေးအသိပညာ ပေးသင်တန်း အမှတ်စဉ်(၃/၂၀၂၆) ကိုကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ သင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌါန်း ထားသော အခန်း(၇)စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၈)စားသုံးသူရေးရာ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့််အခန်း (၁၂)ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ်စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေး စသည့်အခန်းများအား မှတ်သားရာတွင် လွယ်ကူစေရေးအတွက် အခန်းအလိုက်ပါဝင်သည့် ပုဒ်မ အဓိကအကြောင်းအရာများအားလမ်းညွှန်မှုပြုထားသည်နှင့်အညီပါဝါပွိုင့်ဖြင့်ရှင်းလင်းပို့ချခဲ့ပြီး ဝန်ထမ်း များနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
