အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် သယ်ယူပို့ဆောင်ရေး ဝန်‌ဆောင်မှုတို့အား သတ်မှတ်ကာလအလိုက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှု(၆)ခုအားစစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင် မှု(၆)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသောက် ဆိုင်များ၊ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသို့ သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ သိသင့်သိထိုက်သည့် အချက်အလက်များအား  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)