
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုအုပ်စု၊ တမံဆည်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအား ၂၀၂၆ခုနှစ်၊ ဇွန်လ၁ရက်နေ့ ၊နေ့လည်(၁၄:၀၀) နာရီ တွင်ကျင်းပပြုလုပ်ခဲ့ရာ သာယာဝတီခရိုင်၊ အသေးစားစက်မှု၊ လက်မှု၊လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာစိုးမှ သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ပြောကြားပြီး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် အဝတ်လျော် ဆပ်ပြာရည်၊ရေချိုးဆပ်ပြာရည်၊ပန်းကန်ဆေးဆပ်ပြာရည်၊ မှန်ကြည်ဆေး၊ဆပ်ပြာခဲ အမျိုးမျိုး၊Scrub ပြုလုပ်နည်း လျှော်မွှေးပြုလုပ်နည်းနှင့် ဆပ်ပြာခရင်(မ်) ထုတ်လုပ်နည်းများကို မေလ(၂၆)ရက် နေ့မှဇွန်လ(၁)ရက်နေ့ထိ(၇)ရက်ကြာ ၊သင်တန်းသင်ကြားပို့ချ ပေးခဲ့ပြီး မွမ်းမံသင်တန်းကိုလည်း ဇွန်လ(၅)ရက်နေ့မှ(၁၁)ရက်နေ့အထိ (၇) ရက်ကြာ ထပ်မံ သင်ကြားပေး သွားမည်ဖြစ်ပါကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှလည်း တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ စီမံကိန်းအကောင်အထည်ဖော်ရေး၊ ကော်မတီအဖွဲ့ဝင်များနှင့်သင်တန်းသူ(၁၅)ဦး တို့အား စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များ၊ စားသုံးသူ အခွင့် အရေးများအကြောင်း၊ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိမှသာ ဖြန့်ဖြူးရောင်းချသွားရန်ကိုလည်း အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
