တာချီလိတ်မြို့တွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမျိုးအောင် (ဦးစီးအရာရှိ) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာနနှင့် ပူးပေါင်းကာ  တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များတွင် Dumex အမှတ်တံဆိပ် ခလေးဖြည့်စွက်စာအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် Dumex အမှတ်တံဆိပ် ခလေးဖြည့်စွက်စာသည် စားသုံးသူ ကာကွယ်ရေး  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင်ဖော်ပြရမည့် မြန်မာစာကုန်အညွှန်း အမှတ်အသားများပါရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)