
၁၄.၆.၂၀၂၆ ရက် တနင်္ဂနွေနေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်း ထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Lwin Maung Maung CO.Ltd” မှ စားအုန်းဆီ လက်လီကိုယ်စားလှယ် ဦးကျော်နိုင်၏ စားအုန်းဆီ ရောင်းချနေ မှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချစေရေး၊ အဆိုပါစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း သယ်ယူပို့ဆောင်စရိတ် (၂%) ၊ စားသုံးသူပြည်သူများထံသို့ အမြတ် (၂%) တို့ဖြင့် ရောင်းချပေးခြင်း၊ မှန်(၆)မှန်ဖြင့် ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ ဈေးနှုန်း (၈၁၀၅) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
