မုဒုံမြို့နယ်တွင် “စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

Powered by Drupal

          ..၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဖြိုးမှ “Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ အကြောင်းကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ  စားသုံးသူရေးရာဦးစီး ဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍများနှင့် စစ်ဆေးရေးအရာရှိ ခန့်အပ်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းတာဝန် (၁၁)ချက်အကြောင်း၊ ဦးစားပေးစစ်ဆေးရမည့် ကုန်စည်များအကြောင်း၊ စားသုံးသူထိခိုက် နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)