
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်ခိုင်သဇင်(အငယ်တန်းစာရေး)တို့သည် ၄-၆-၂၀၂၆ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေး များအကြောင်း၊ ဥပဒေ အခန်း(၉)၊ပုဒ်မ(၂၀)ပါ စားသုံသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထား သည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်း တို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအကြောင်း၊ AIနည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များ အကြောင်း၊ Digitalငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စာသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်များကို လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ကချင်)
