
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၁၆.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ CHRIST JESUS သင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူ(၇၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ပထမဦးစွာ သင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင် ပြဌာန်းထားသော စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ တိုင်ကြားခြင်းအကြောင်းနှင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူတောင်းဆိုနိုင်သည့်အခွင့် အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူ ရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် (Consumer Call Center-1535)အား ဖွင့်လှစ်ထားပြီး သိလိုသည်များအား ခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာ ကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
