
(၁.၆.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံ စမ်းစစ်ဆေး ရေးဦးစီးဌာနနှင့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဟင်္သာတမြို့နယ် ခြင်ဘို့တိုက်နယ်အုပ်စုရှိ ခြင်ဘို့ကျေးရွာ၊ ကြွက်ကျွန်းကျေးရွာ၊ ကျွန်းထိပ်ကျေးရွာ နှင့် ကျွန်းဦးကျေးရွာတို့ရှိ အိမ်ထောင်စုပေါင်း (၁၁၀၀) အတွက် စားအုန်းဆီပိဿာ (၅၅၀)ကို စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှု အား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေအနေ များအား ပြည်သူများနှင့် တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဒေသတွင်း ဆီရောင်းချမှု ကျယ်ကျယ်ပြန့် ပြန့်ရှိစေရးနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူး နိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်စေရေး စိစစ်ကြပ်မတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA ဧရာဝတီ
