“နွေဦးကဗျာကို သီကျူးသည့် ရှမ်းမြောက်မြေမှ ချိုမြိန်သော လိုင်ချီးသီး”

Powered by Drupal
Tue, 06/02/2026 - 15:38 -- consumer_admin

 

မေလ၏ နွေမိုးစပ်ကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ရှမ်းပြည်နယ်မြောက်ပိုင်း လမ်းဘေးဝဲယာနှင့် သစ်သီးဈေးကွက်များတွင် နီရဲစိုပြေပြီး ဆွဲဆောင်မှုရှိသော ရာသီစာ အသီးတစ်မျိုးက နေရာယူလာတတ်သည်။ ထိုအသီးကား အခြားမဟုတ်၊ တစ်ချက်ကိုက်ရုံဖြင့် အရည်ရွှမ်းပြီး ချိုမြိန်လတ်ဆတ်သော အရသာကို ပေးစွမ်းနိုင်သည့် ရှမ်းမြောက်ဒေသထွက် လိုင်ချီးသီးပင် ဖြစ်သည်။

ရှမ်းမြောက်မြေနှင့် လိုင်ချီးသီးတို့၏ ရေစက်

လိုင်ချီးပင် (Lychee) သည် မြေပွ၊ သဲနုန်းမြေနှင့် အေးမြစိုစွတ်သော ရာသီဥတုကို နှစ်သက်သည့် နှစ်ရှည်သီးနှံပင် ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် သိန္နီမြို့နယ် တို့သည် လိုင်ချီးသီး အဓိက စိုက်ပျိုးထွက်ရှိရာ နာမည်ကြီးဒေသများ ဖြစ်ကြသည်။ အထူးသဖြင့် သိန္နီမြို့နယ်တွင် ဘိန်းအစားထိုး သီးနှံအဖြစ် ဥယျာဉ်ခြံများ၌ အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးလာကြရာ ယခုအခါ ဒေသခံများအတွက် စီးပွားရေးအရ အားကိုးရသော သီးနှံတစ်မျိုး ဖြစ်လာခဲ့သည်။

အရသာနှင့် အရည်အသွေး ထူးခြားချက်

ရှမ်းမြောက်ဒေသထွက် လိုင်ချီးသီးများသည် တောင်ပေါ်ဒေသ၏ သဘာဝရေမြေ တောတောင် အအေးဓာတ်ကြောင့် အောက်ပြည်အောက်ရွာထွက် အသီးများနှင့်မတူဘဲ အရည် အသွေး ပိုမိုထူးခြားသည်။

  • အသားထူပြီး အစေ့သေးခြင်း - ရှမ်းမြောက်ထွက် သီးနှံအများစုမှာ အခွံပါးကာ အတွင်းသား ဖြူဖွေးထူထဲပြီး အစေ့အလွန်သေးငယ်သည်။
  • ချိုမွှေးစိုပြေခြင်း - အချဉ်ဓာတ်ကဲခြင်းမရှိဘဲ စားလိုက်လျှင် ရေဓာတ်ပြည့်ဝကာ လျှာပေါ်တွင် အရသာစွဲကျန်ရစ်စေမည့် သဘာဝအချိုစစ်စစ်ကို ရရှိစေသည်။

 

စီးပွားရေးနှင့် လယ်ယာကဏ္ဍ အခန်းကဏ္ဍ

လိုင်ချီးသီးသည် မေလမှ ဇွန်လအထိ နှစ်စဉ် နှစ်လခန့်သာ ပေါ်ထွက်တတ်သည့် ရာသီစာဖြစ်သဖြင့် ဈေးကွက်အတွင်း အပင်ပုတ်ပြတ်စနစ်ဖြင့် သော်လည်းကောင်း၊ ခြံပြတ်ဖြင့် သော်လည်းကောင်း အရောင်းအဝယ်ပြုလုပ်ကြသည်။ ရှမ်းမြောက်ဒေသတွင်း ဈေးကွက်များ အပြင် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများသို့ပါ တင်ပို့ရောင်းချရသဖြင့် ခြံရှင်များနှင့် သစ်သီးပွဲစားများ အတွက် တွက်ခြေကိုက်သော ရာသီပေါ်ဝင်ငွေကို ဖန်တီးပေးသည်။

ကျန်းမာရေးအတွက်ဆေးဖက်ဝင်မှု                                                                                                လိုင်ချီးသီးတွင် လူသားတို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်း စီ (Vitamin

C)၊ပိုတက်စီယမ်နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants)များ မြင့်မားစွာပါဝင်သည်။ ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးခြင်း၊ အသားအရေ စိုပြေလှပစေခြင်းနှင့် နှလုံးကျန်းမာရေးကို အထောက် အကူပြုခြင်းစသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင် သောကြောင့် အရသာရှိရုံတင်မက ဆေးဖက် ဝင်သော သဘာဝလက်ဆောင် လည်း ဖြစ်သည်။

၁။ ရေမြေနှင့် ရာသီဥတု လိုအပ်ချက်

မြေဆီလွှာ - မြေဩဇာထက်သန်ပြီး ရေစီးရေလာကောင်းမွန်သော မြေပွ သို့မဟုတ် သဲနုန်းမြေကို အကြိုက်ဆုံး ဖြစ်သည်။

နေရာ - ရေအလွယ်တကူရနိုင်သော မြစ်ချောင်းကမ်းဘေး သို့မဟုတ် အေးမြစိုစွတ်သော တောင်ပေါ်ဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ 

၂။ မျိုးပွားနည်းစနစ်

လိုင်ချီးပင်ကို အစေ့မှစိုက်ပါက အပင်ကြီးထွားမှု နှေးကွေးပြီး အသီးသီးရန် ကြာမြင့်တတ် သောကြောင့်အသီးသီးရန်မြန်ဆန်သည့်ကိုင်းကူးနည်းစနစ်ကိုအဓိကအသုံးပြုကြသည်။ ကိုင်းကူးရာတွင် မိုးဦးကျကာလ (မေလ/ဇွန်လ) တွင် . လက်မခန့် လုံးပတ်ရှိသော အောင်မြင်သည့်ကိုင်းကို ရွေးချယ်၍ မြေထုပ်စည်းပြီး အမြစ်များ ကောင်းစွာ ထွက်လာပါက သြဂုတ်လတွင် အောက်ခြေမှ ဖြတ်တောက်ပြီး ပျိုးအိတ်များ သို့ ရွှေ့ပြောင်း စိုက်ပျိုးရမည်။ ၎င်းပျိုးပင်များကို ကိုးလခန့် ပြုစုပြီး နောက် နောင်နှစ် မိုးဦး (ဇွန်လ) တွင် စိုက်ကွက်ထဲသို့ အပြီး  အပိုင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ 

၃။ မြေပြုပြင်ခြင်းနှင့် စိုက်ကျင်းတူးခြင်း

စိုက်ချိန် - မတ်လနှင့် ဧပြီလ နွေရာသီတွင် ပေါင်းမြက်များကို စတင်ရှင်းလင်းရမည်။

အကွာအဝေး - တစ်ပင်နှင့်တစ်ပင် ၂၅ ပေ ပတ်လည် အကွာအဝေး ထားရှိရမည်။

ကျင်းအရွယ်အစား - ပေ ပတ်လည် (အလျား ပေ၊ အနံ ပေ၊ အနက် ပေ) ရှိသော စိုက်ကျင်းများ တူးရမည်။

မြေအရောအနှော - တူးထားသော စိုက်ကျင်းအတွင်းသို့ သစ်ရွက်မြေဆွေး (သို့မဟုတ်) နွားချေးနှင့် အပေါ်ယံမြေကို ဆတူရောစပ်၍ ပြန်လည်ဖုံးအုပ် ထားပေးပါ။ (တစ်ဧကလျှင် စုစုပေါင်း ၆၉ ပင် ခန့် ဝင်ဆံ့ပါသည်) 

၄။ စိုက်ပျိုးခြင်း

ပျိုးအိတ်အတွင်းမှ အမြစ်များ မနာကျင်စေရန် ပလတ်စတစ်အိတ်ကို ဂရုတစိုက် ခွာထုတ်ပါ။

ပြင်ဆင်ထားသော စိုက်ကျင်းအလယ်တွင် စိုက်ပျိုးပြီးနောက် ပင်ခြေပတ်လည်ရှိ မြေကြီးကို ခိုင်ခန့်အောင် သိပ်ပေးရမည်။

စိုက်ပျိုးပြီးပြီးချင်း ရေဝအောင် လောင်းပေးပြီး အပင်ခြေကို ကောက်ရိုး (သို့မဟုတ်) မြက်ခြောက်များ ဖုံးအုပ်ပေးခြင်းဖြင့် ရေငွေ့ကို ထိန်းသိမ်းပါ။ 

၅။ မြေသြဇာကျွေးခြင်း

သဘာဝမြေဩဇာ - တစ်နှစ်လျှင် တစ်ကြိမ် ပင်ခြေသို့ နွားချေး၊ သစ်ဆွေးမြေဆွေး တစ်တင်းနှုန်း ထည့်ကျွေးရမည်။

ဓာတ်မြေဩဇာ - လိုင်ချီးပင်သည် ပိုတက်ရှ် (Potash) မြေဩဇာကို အထူးလိုအပ်သည်။

အပင်ကြီးများအတွက် - ယူရီးယား အောင်စ၊ တီစူပါ အောင်စနှင့် ပိုတက်ရှ် အောင်စတို့ကို ရောစပ်ပြီး အပင်ခြေမှ ပေ ပတ်လည်အကွာတွင် မြေကျွေးပေးရမည်။ 

၆။ အပင်ပြုစုခြင်းနှင့် ကိုင်းဖြတ်ခြင်း

လိုင်ချီးပင် ငယ်ရွယ်စဉ်အခါကစ၍ ပင်စည်အမြင့် ပေခန့် ရောက်လျှင် ထိပ်ဖျားကို နှိမ်ပေးပြီး ဘေးကိုင်းပွားများ စနစ်တကျ ထွက်လာစေရန် ပြုပြင်ပေးရမည်။ လေဝင်လေထွက်နှင့် နေရောင်ခြည် ကောင်းစွာရရှိစေရန် ရောဂါရနေသောကိုင်းများနှင့် ထပ်နေသော ကိုင်းခြောက်များကို မကြာခဏ ဖြတ်တောက်ပေးပါ။ 

၇။ ပိုးမွှားနှင့် ရောဂါကာကွယ်ခြင်း

လိုင်ချီးပင်များတွင် ပင့်ကူနီများနှင့် ချိတ်ပိုးများ အဓိက ကျရောက်တတ်သည်။ ကာကွယ်ရန်အတွက် ထုံးကန့်ဆာလဖာ ဆေးရည်ကို သတ်မှတ်အချိုးအစားအတိုင်း အရွက်နှင့် ကိုင်းများသို့ စနစ်တကျ ပက်ဖျန်းပေးရပါမည်။ 

 

၈။ အသီးဆွတ်ခူးခြင်း

မြေထုပ်စည်းပင်များသည် စိုက်ပျိုးပြီး နှစ်မှ နှစ် အတွင်း စတင် အသီးသီးပါသည်။ အသီး ခွံများ နီရဲစိုပြေလာချိန်တွင် အခိုင်လိုက် ဖြတ်တောက် ဆွတ်ခူးရမည်။ သယ်ယူပို့ဆောင်ရာ တွင် အသီးခွံခြောက်သွေ့ပြီး မည်းသွားခြင်းကို ကာကွယ်ရန် ဖက်စိမ်းများ (သို့မဟုတ်) ရေငွေ့ထိန်း ပလတ်စတစ်အိတ်များဖြင့် စနစ်တကျ ထုပ်ပိုးရောင်းချရပါသည်။

နိဂုံး

တောင်ပေါ်မြေ၏ အအေးဓာတ်နှင့် သဘာဝတရားက ဖန်တီးပေးလိုက်သော ရှမ်းမြောက် ဒေသထွက် လိုင်ချီးသီးများသည် မြန်မာ့သစ်သီးဝလံလောကတွင် ဂုဏ်ယူစရာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ ပိုမိုတိုးတက်လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ (ဥပမာ - လိုင်ချီးသီးသံဘူး၊ ဖျော်ရည်) အဖြစ် ပြုလုပ်နိုင်မည်ဆိုပါက ရှမ်းမြောက်မြေမှ နီရဲသော လိုင်ချီးသီး များသည် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝကို ပိုမိုနီရဲတောက်ပလာစေမည်မှာ အမှန်ပင် ဖြစ်တော့သည်။ DOCA(ရှမ်း)