လိုက်ချီးသီးနှင့်ကျန်းမာရေး

Powered by Drupal
Wed, 09/24/2025 - 12:00 -- consumer_admin

    လိုက်ချီးပင်ကို အင်္ဂလိပ်အမည် Litchi သို့မဟုတ် Lychee ဟုခေါ်သည်။ ရုက္ခဗေဒအခေါ် Litchi chin-ensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာနိုင်ငံ၌လိုက် ချီးသီး၊ လိုင်ချီး သီးဟုခေါ်ကြသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊  မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့၌  အများဆုံး စိုက်ပျိုး ကြသည်။ သိန်းနီမြို့နယ်တွင် ဘိန်းအစားထိုး သီးနှံအဖြစ် လိုက်ချီးပင်များကို လူနေခြံဝင်းများနှင့် ဥယျာဉ်ခြံများ၌ စိုက်ပျိုးကြသည်။

    လိုက်ချီးသီးကို လတ်လတ်ဆတ်ဆတ် အဆာပြေ သစ်သီးအဖြစ် စားသုံးကြသကဲ့သို့ ရေခဲမုန့်၊ ကျောက် ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုက်ချီးသီးသံဘူး၊ လိုက်ချီးသီးခြောက် စသည်ဖြင့် စားသုံးကြသည်။  လတ်ဆတ်သောလိုက်ချီးသီးများကို အခန်းအပူ ချိန်တွင်ထားပါက    ငါးရက်ခန့်ခံသည်။ လိုက်ချီးသီးကိုကြာကြာခံစေရန်ရေခဲသေတ္တာထဲ ထည့်သိမ်း ပါက နှစ်ရက်ခန့်အကြာတွင် အညိုရောင် ပြောင်းသွားတတ်သည်။ အရောင်ပြောင်းသော်လည်း အနံ့၊ အရသာပျက်စီးမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည်။ ပြည်ပနိုင်ငံများ၌ ခေတ်မီတိုးတက် သောနည်းပညာများဖြင့်   လိုက်ချီးသီးမှ    ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ Lotion၊ ပေါင်ဒါ  စသည့် အလှကုန် ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်ကြသည်။

ဆေးဖက်၀င်လိုက်ချီးသီး

   လိုက်ချီးသီးတွင် လူသားတို့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရ ဓာတ်မြောက်မြားစွာပါရှိသည်။  ၁၉၀ ဂရမ်  အလေးချိန်ရှိသော လိုက်ချီးသီးတစ်ခွက် စာပမာဏထဲ တွင် Methionine သုည ဒသမ ၀၁၇ ဂရမ်၊ လိုင်ဆင်း သုည ဒသမ ၀၇၈ ဂရမ်၊ Tryptophan သုည ဒသမ ၀၁၃ ဂရမ်၊ polyu-nsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၅၁ ဂရမ်၊ monounsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၂၈ ဂရမ်၊ ဗီတာမင် K  သုည ဒသမ ၈ မိုက်ခရိုဂရမ်၊ ဗီတာမင် E  သုည ဒသမ ၁၃ မီလီဂရမ်၊ ချိုလင်း ၁၃ ဒသမ ၅ မီလီဂရမ်၊  ဖောလိတ် ၂၇  မိုက်ခရိုဂရမ်၊ ဗီတာမင် B ၆၀ ဒသမ ၁၉ မီလီဂရမ်၊   နီအာစင်း ၁ ဒသမ ၁၄၆ မီလီဂရမ်၊ ခွန်အား ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅ ဒသမ ၃၄ ဂရမ်၊ ပရိုတင်း  ၁ ဒသမ ၅၈ ဂရမ်၊ Ash သုည ဒသမ ၈၄ ဂရမ်၊ lipid သုည ဒသမ ၈၄ ဂရမ်၊ ကစီဓာတ် ၃၁ ဒသမ ၄၁ ဂရမ်၊  သကြားဓာတ် ၂၈ ဒသမ ၉၄ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ်၂ ဒသမ ၅ ဂရမ်၊ ကယ်လ်စီယမ်  ၁၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၉ မီလီဂရမ်၊  သံဓာတ် သုည ဒသမ ၅၉ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၂၄ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၀၂၁ မီလီဂရမ်၊ ဗီတာမင် C ၁၃၅ ဒသမ ၉ မီလီဂရမ်၊စီလီနီယမ် ၁ ဒသမ ၁ မိုက်ခရိုဂရမ်၊ မဂ္ဂနိစ် သုည ဒသမ ၁၀၅ မီလီဂရမ်၊ Copper သုည ဒသမ ၂၈၁ မီလီဂရမ်၊ ဇင့် သုည ဒသမ ၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၃၂၅ မီလီဂရမ်၊  ဖော့စဖရပ်စ်  ၅၉ မီလီဂရမ်နှင့် မဂ္ဂနီစီယမ် ၁၉ မီလီဂရမ်  အသီးသီး ပါရှိသည်။ လိုက်ချီးသီး၏ကောင်းကျိုးများမှာ- လိုက်ချီးသီးသည်ခန္ဓာကိုယ်အတွက်ခွန်အား များကို တိုးပွားစေနိုင်ပြီး  ကိုယ်ခံစွမ်းအားတိုး တက် မြင့်မားစေသည်။ ခန္ဓာကိုယ်အတွက်    မရှိမဖြစ်လိုအပ်နေသောရေဓာတ်ကိုလည်း ဖြည့်တင်းပေး နိုင်သည်။ လိုက်ချီးသီးထဲတွင် Citrus အက်စစ်ကဲ့သို့သော ဗီတာမင် C ၄၀ ရာခိုင်နှုန်း ခန့်ပါရှိ ရာ  လိမ္မော်သီးထဲတွင်ပါ၀င်မှုပမာဏထက်ပိုများသည်။ ထို့ကြောင့်ခန္ဓာကိုယ်တွင်ကောင်းကျိုးမပြု သော Free Radical  များကို  တိုက်ထုတ်ပေးနိုင်သည်။ အကျိုးဆက်အနေဖြင့် ကုသရန်ခက်ခဲ သော ကင်ဆာရောဂါများအတွက် လိုက်ချီးသီး က ကောင်းကျိုးပြုသည်။ အမေရိကန်ပြည်ထောင်စုရှိ National Insti-tutes of Health (NIH) ၏ သုတေသနပြုချက်အရ လိုက်ချီးသီးက  ကင်ဆာ ဆဲလ်များကြီးထွားလာမှုကို  ဟန့်တားပေးနိုင်ကြောင်း၊   အထူးသဖြင့်ရင်သား ကင်ဆာဖြစ် ပေါ်ခြင်း မှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။ လိုက်ချီးသီးထဲတွင်ပါ၀င်သော ဘီတာကယ်ရိုတင်း ပမာဏသည် မုန်လာဥနီထက်ပိုများသည်။ လိုက်ချီးသီးသည်   အစာကြေစေပြီး  ဆီးရွှင်စေ သည်။ လိုက်ချီးသီး တစ်ခွက်စာပမာဏထဲတွင် ပါရှိသော ပိုတက်ဆီယမ်သည် လိမ္မော်သီးအသေးတစ်လုံးထဲ တွင်ပါရှိမှုထက်ပိုသည်။ ပိုတက်ဆီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသောသတ္တု ဓာတ်ဖြစ်ပြီး သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကိုဟန်ချက်ညီညီထိန်းချုပ်ပေးနိုင်သည်။  သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှ ကြိုတင်ကာကွယ် ပေးနိုင်သည်။ထို့ပြင်နှလုံးကိုပုံမှန်ခုန်စေပြီးနှလုံး ကြွက်သားများကျုံ့ခြင်း၊ချဲ့ခြင်းနှင့် နှလုံးသွေးကြောများ လည်ပတ်စီးဆင်းမှု တို့ကိုကောင်းစွာ အထောက်အပံ့ ပေးသည်။နှလုံးရောဂါဝေဒနာအမျိုးမျိုး တို့ကို   သက်သာစေရုံသာမက   နှလုံးရော ဂါဝေဒနာ ရှင်များကိုလည်း လေဖြတ်ခြင်းမှ ၅၀ ရာခိုင်နှုန်း သက်သာလျော့ နည်းစေနိုင်သည်။ လိုက်ချီးသီးတွင်  Copper  ဓာတ်များ  အလုံ အလောက်ပါရှိခြင်းကြောင့် သွေးနီဥများ ကို  ထုတ်လုပ် ပေးနိုင်သဖြင့်သွေးအားကောင်းစေသည့်အပြင် ခွန်အားတိုးပွားစေနိုင်သော ကြောင့် သွေးအားနည်း သူများနှင့် သက်ကြီးရွယ်အိုများစားသုံးသင့်သည်။ ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ကြွယ်၀စွာပါရှိသည်။လိုက်ချီးသီးတွင် ကယ်လ်စီယမ်၊ ဖော့စဖရပ်စ် နှင့်မဂ္ဂနီစီယမ် စသည့်သတ္တုဓာတ်များပါရှိသောကြောင့် အရိုးနှင့်သွားများကြီးထွားမှုအတွက်အလွန်အရေးပါ သဖြင့် ကလေးငယ်များကို လိုက်ချီးသီး ကျွေးသင့်သည်။ မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော   အအေးမိ နှာစေး၊  ချောင်းဆိုးခြင်း၊  လည်ချောင်းနာခြင်းစသည့်ရောဂါများအတွက် လိုက်ချီးသီးက အစွမ်း ထက်သည်။ဖျားနာနေသောသူများလည်း လိုက်ချီးသီးစားပေးခြင်းဖြင့်   ဝေဒနာသက်သာ စေနိုင် သည်။ လိုက်ချီးသီးစားသုံးခြင်းက နာကျင်မှုကိုလျော့ကျစေပြီး  ဂလင်းများရောင်ရမ်းမှု ကို  သက်သာစေနိုင်သည်။လိုက်ချီးသီးသည် အရသာ ချိုမြိန်သော်လည်း ယင်းထဲတွင် ပါရှိသော သကြားဓာတ်က သဘာ၀ သကြားဓာတ်ဖြစ်သည်။ ကယ်လိုရီပါ၀င်မှုနည်း ပြီး  လူကိုဘေးဖြစ်စေ တတ်သော ပြည့်၀ဆီနှင့် ကိုလက်စထရောလုံး၀မပါရှိသည့်အပြင် ကြေညက်လွယ်သော   အမျှင် ဓာတ်များ   ကြွယ်၀စွာပါရှိသည့်အတွက် ခန္ဓာကိုယ်အလေးချိန်  ပုံမှန် ထိန်းသိမ်းလို သူများအနေဖြင့် စိတ်ကြိုက်စား သုံးနိုင်သည်။ ကိုယ်အလေးချိန်ကျဆင်းမှုကိုလည်း အထောက်အပံ့ဖြစ်စေသည်။ လိုက်ချီးသီးစားသုံးခြင်းကြောင့် အသားအရေ ကိုလှပစေပြီး မျက်နှာပေါ်ရှိ အစက်အပြောက် များကို သက်သာစေနိုင်သည်။ ဖက်ခွက်နာ၊ ပြည်တည်နာ စသော  ကိုယ်တွင်း ကိုယ်ပအနာများကို ကာ ကွယ်ပေးနိုင်သည်။ အစာအိမ်ရောင်ရမ်းနာဝေဒနာအတွက် လိုက်ချီးသီးက အလွန်ကောင်း ကျိုးပြု သည်။ လိုက်ချီးသီးထဲတွင်တခြားအသီးများနှင့်မတူ Oligonol(ခေါ်)ဓာတ်တိုးဆန့်ကျင်ပစ္စည်း

တစ်မျိုးပါရှိနေသည့်အတွက်   မိုးရာသီကာလ

     တုပ်ကွေးဗိုင်းရပ်စ်ပိုးများကိုတွန်းလှန်ပေးနိုင်သည်။  ထို့ပြင်   ခန္ဓာကိုယ်ထဲရှိ အင်္ဂါအဖွဲ့ အစည်းများ ထဲတွင်သွေးလည်ပတ်စီးဆင်းမှု ကိုလည်း တိုးတက်ကောင်းမွန်စေသည်။ ဂျပန်နိုင်ငံရှိ Kyorin University က အရေပြား ပေါ်တွင် ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုက်ချီးသီးစား ခြင်းဖြင့် ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။ လိုက်ချီးသီးသည်သီအာမင ်၊နီအာစင်းနှင့် ဖောလိတ် စသည့် ဗီတာမင် B ဓာတ်ပေါင်းစုတို့ စုဝေးရာ သဘာ၀အရင်း အမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ဇီ၀ကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ ဖြစ်စေသည်။ အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန်လိုက်ချီးသီးကိုတရုတ်ရိုးရာတိုင်းရင်းဆေးဝါး ကုထုံးများတွင် အသုံးပြုလေ့ရှိ သည်။ လိုက်ချီးသီးတွင် လူသားတို့ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံး၀မရှိပေ။ သို့သော် အမှည့်လွန် အသီးများတွင် အချဉ်ဓာတ်ပေါက်သည့်အရသာရှိ၍ လတ်ဆတ်သောအသီးများကိုသာ စားသုံးသင့်သည်။ အစာမရှိဘဲ  လိုက်ချီးသီးစားသုံးခြင်းကို  ရှောင်ကြဉ် သင့်သည်။

   အချုပ်အားဖြင့်ဆိုသော်နိုင်ငံတကာဆေးသိပ္ပံပညာရှင်များက  လိုက်ချီးသီး၏ ဆေးဖက်၀င်ပုံ များကို ရှုထောင့်အမျိုးမျိုးမှ    လေ့လာစမ်းသပ်ကာ အသေးစိတ်ဖော် ထုတ်နိုင်ခဲ့ကြသည်။  ထို့ကြောင့် ယခုကဲ့သို့   မိုးရာသီတွင်ပေါ်သည့်လိုက်ချီးသီးကို လတ်လတ်ဆတ်ဆတ်ရွေးချယ်၍ အစာလည်း ဆေး၊ ဆေးလည်း အစာအဖြစ် စားသုံးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

Source: ဆောင်းပါးရှင် - ပေါက်ပေါက်                                    

DOCA(ပြည်ထောင်စုနယ်မြေ)