ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များ ၊သိုလှောင်ရုံများ၊ ဆန်စက်များသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၁၉.၅.၂၀၂၆) ရက်နေ့တွင် သာယာ ဝတီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ဆင်ဖြူတော်ဆန်စက်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထ စပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် ဧည့်မထ ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်၊ ၁၀၈ပေါင် ဆန်တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်ဖြင့် အများ ပြည်သူများကို နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)