Thursday Talk ကျင်းပပြုလုပ်ခြင်း

Powered by Drupal

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ ပူးပေါင်းကျင်းပသည့် "Thursday Talk " အခမ်းအနားကို ၂၁-၅-၂၀၂၆ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားရာတွင် "Thursday Talk " ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့်တိုင်းဒေသကြီးနှစ်ခု၏ပြည်တွင်းကုန်သွယ်မှုကဏ္ဍများ အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်ရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက Zoom Meeting ဖြင့် တက်ရောက် ခဲ့ကြပါသည်။

           အဆိုပါအခမ်းအနားတွင်စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း၊ ဦးစီးအရာရှိက "ချင်းရိုးရာအသစ်အဆန်း ဘိုးဘွားအမွေလက်ယက္ကန်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိက "စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ တာဝန်၊ နည်းဥပဒေများပါ အခန်းကဏ္ဍနှင့် အသုံးပြုရမည့်ပုံစံများ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြရာ ဟောပြောဆွေးနွေး ချက်များအပေါ် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးထက်ဝင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး၊ မြင်းခြံခရိုင်မှ ဦးသန်းစိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ကျောက်ဆည် ခရိုင်မှ ဦးဇော်မင်းလတ်၊ ဦးစီးအရာရှိနှင့် မိတ္ထီလာခရိုင်မှ ဒေါ်မြို့ရီ၊ ဦးစီးအရာရှိ၊ တို့မှအပြန်အလှန် ဆွေးနွေးပေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)