
စားသုံးသူရေးရာဦးစီးဌာနသည် သက်ဆိုင်ရာနယ်မြေများအလိုက် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပါ ပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များ နှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၁.၅.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ညောင်ဦးမြို့၊ မဏိစည်သူဈေးရှိ စတိုးဆိုင်များ ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိနှင့် တရားမဝင်သော၊ သုံးစွဲရန်မသင့်သော ကလေး အသုံးအဆောင်ပစ္စည်းများရောင်းချမှုရှိ/မရှိ တို့အား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့များဖြင့်စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံ စိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေး ကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)
