ရှမ်း(တောင်)ဒေသထွက် အာလူး၏ ဈေးနှုန်း နှင့် ဈေးကွက် အခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ပမာဏ အများဆုံး ဒေသ များထဲမှ တစ်ခုဖြစ်ပြီး၊ တောင်တန်းအပူအအေးမျှတသော ရာသီဥတု နှင့် မြေဆီလွှာကောင်းမွန် မှုကြောင့် အာလူးစိုက်ပျိုးရေးတွင် အရေးပါသောနေရာတစ်ခုအဖြစ် ထင်ရှားလာခဲ့ပါသည်။အထူးသ ဖြင့် ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ကလော၊ နောင်တရား နှင့် တီကျစ် စသည့်ဒေသများတွင် အာလူး စိုက်ပျိုးမှုကို အဓိကထားလုပ်ကိုင်ကြပါသည်။         

          ရှမ်း(တောင်)ဒေသထွက်အာလူး၏ ဈေးနှုန်းသည် ရာသီအလိုက်ပြောင်းလဲမှု ရှိပါသည်။ ပုံမှန် အားဖြင့် သီးနှံထွက်ရှိမှုများသောကာလတွင် ဈေးနှုန်းကျဆင်းပြီး၊ သီးနှံနည်းပါးသည့် ကာလများတွင် ဈေးတက်တက်ပါသည်။(၂၀၂၅-၂၀၂၆)ခုနှစ်တွင် အာလူးဈေးနှုန်းသည် စိုက်ပျိုးရေးကုန်ကျစရိတ် မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်တက်လာခြင်း တို့ကြောင့် ယခင်နှစ်များထက် အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရသည်။ အာလူးအရည်အသွေး၊ အရွယ်အစား၊ သန့်ရှင်းမှု တို့အပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး ဈေးကွက်တွင် (wholesale) အစုလိုက် နှင့် (retail) လက်လီ ဈေးနှုန်းများလည်းတူညီခြင်းမရှိပါ။ ရှမ်း(တောင်)ဒေသ အာလူးများကို ပြည်တွင်း ဈေးကွက်တွင်သာ မက နယ်စပ်မှတစ်ဆင့် နိုင်ငံခြားဈေးကွက်များသို့လည်း တင်ပို့ ရောင်းချ လျက်ရှိသည်။ အထူးသဖြင့် အရည်အသွေးကောင်းမွန်သော အာလူးများအတွက် ဝယ်လိုအား မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပါ သည်။ ပြည်တွင်းတွင်းလည်း အာလူးသည် စားသုံးသူများအတွက် အဓိက အာဟာရအစားအစာတစ်ခု ဖြစ်သည့်အတွက် မီးဖိုချောင်သုံးအဖြစ် ဆက်လက်လိုအပ် လျက်ရှိပါသည်။ စားသောက်ကုန်လုပ်ငန်း များ၊ Snack industry (အာလူးကြော်)၊ chips စသည့် တိုးတက်လာခြင်းကြောင့် အာလူးအပေါ် လိုအပ်ချက်လည်း တဖြေးဖြေး တိုးလာပါသည်။ သို့သော်လည်း အာလူးစိုက်ပျိုးရေး နှင့် ဈေးကွက်တွင် စိန်ခေါ်မှုများလည်း ရှိလေသည်။ စိုက်ပျိုးရေး ကုန်ကျစရိတ် မြင့်တက်ခြင်း၊ မိုးလေဝသမမှန်ကန်ခြင်း၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများ နှင့်  ဈေးနှုန်းမတည်ငြိမ်မှုစသည့် ပြဿနာများကြောင့် စိုက်ပျိုးသူများအနေဖြင့် အမြတ်အစွန်း တည်ငြိမ် စေရန် စီမံခန့်ခွဲမှုများ လိုအပ်နေသည်။

          ရှမ်း(တောင်)ဒေသထွက်အာလူးသည် အရည်အသွေးကောင်းမွန်ခြင်း၊ စိုက်ပျိုးမှုအတွေ့အ ကြုံများရှိခြင်းတို့ကြောင့် အနာဂတ်တွင် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်သော အလားအလာရှိပါသည်။ နည်း ပညာ အသုံးပြုမှု၊ သိုလှောင်စနစ်ကောင်းမွန်မှု နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်လာပါက စိုက် ပျိုးသူများ၏ ဝင်ငွေ တိုးတက်လာနိုင်မည် ဖြစ်သည်။

          ရှမ်း(တောင်) ဒေသထွက် အာလူးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး ဈေးနှုန်း နှင့် ဈေးကွက်အခြေအနေများသည် အချိန် နှင့်အမျှ ပြောင်းလဲနေသော် လည်း အနာဂတ်တွင် တိုးတက်နိုင်သည့် အလားအလာကောင်းများ ရှိနေသည်။ စိုက်ပျိုးသူများ၊ ဈေးကွက်လုပ်ငန်းရှင်များ နှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ပါက အာလူးစိုက်ပျိုးရေးကို ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် ဒေသစုံမှ သီးနှံထွက်ရှိမှု များပြားသဖြင့် အာလူး ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး မားကီး S2/S1-(၂၈၀၀-၃၀၀၀) ကျပ်၊ မျက်နီ S1- ၂၅၀၀ ကျပ်၊ OK- ၁၈၀၀  ကျပ်၊ A1- ၁၅၀၀ ကျပ် ၊ ဆွဲသီး - ၁၃၀၀ ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၁၀၀၀ ကျပ်ဖြင့် ဈေးပေါက် လျက်ရှိကြောင်း ဈေးကွက် အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)