ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး  ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်၍ ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)နှင့် ဒေါ်စန်းရုန် (အကြီးတန်းစာရေး) တို့သည် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ လက်လီရောင်းချသော ဒေါ်ဆွေဆွေသန့် (ကုန်စုံဆိုင်) သို့လည်းကောင်း၊ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဦးဘောမ်ဇုံး (ရုံးအုပ်)နှင့် ဒေါ်စန်းရုန် (အကြီးတန်းစာရေး)တို့သည် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်အတွင်းရှိ လက်လီရောင်းချသော ဦးမောင်ကြည်(ကုန်စုံဆိုင်) သို့လည်းကောင်း ၇-၅-၂၀၂၆ ရက်နေ့တွင် သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေပျား အမှတ်တံဆိပ် ကြက်သွန်ဖြူငရုတ်ဆီနှင့် VeVe အမှတ်တံဆိပ် မန်ကျည်းအချိုရည်တို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပအမှတ်တံဆိပ်များ ရောင်းဝယ်ခြင်းမပြု လုပ်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)