
စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ရုံးမှ ဦးအောင်ဝင်း၊ ဌာနခွဲစာရေးသည် မိတ်ဖက် ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အုတ်တွင်းမြို့မဈေး တာဝန်ခံ ဝန်ထမ်းများနှင့်အတူ အုတ်တွင်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဈေးကွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ အလှကုန်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ကုန်ပစ္စည်း များ ရောင်းချခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်များအရ အုတ်တွင်းမြို့ ရှိ ဈေးကွက်အတွင်းတွင် ရောင်းချနေသော ကုန်ပစ္စည်းအမျိုးအစားများနှင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ ကာ သက်တမ်းလွန် ပစ္စည်းများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ကုန်စုံဆိုင်များနှင့် ဈေးဆိုင်တာဝန်ခံများအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့်(၂/၂၀၂၉)ညွှန်ကြားချက်ပါ အသေးစိတ် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
