
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ မြို့မစည်ပင်သာယာဈေးကြီးတွင်(၂၀.၄.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဈေးအတွင်းအပြင်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြပါသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးအကျိုး တော်ဆောင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ စားသုံးဆီအမျိုးမျိုးမှာ နေ့စဉ်ချက်ပြုတ် စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီ မှုမရှိသောဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများ ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူ များကို ဘေးန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေ ဖြင့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေနိုင်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)ဖြင့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြ စေခြင်းကို လိုက်နာဆောင်ရွက်စေရေး၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိထုတ်ကုန်များနှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေညီထုတ်ပြန်ပေးစေရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် ကုန်စည်နှင့်ဝန် ဆောင်မှုများကို တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်၍ရောင်းချခြင်းများမပြုလုပ်စေရေး၊ စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်း ရှင်များသည် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်းအချိုးအ စား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်)ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှဖော်ပြရန်သတ်မှတ်ထားသော အချက်များဖော်ပြရန်နှင့်ဥပဒေပါပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
DOCA(မန္တလေး)
