စားအုန်းဆီ ဆီကားရောက်ရှိမှုများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်အလိုက် ခွဲဝေရရှိသော စက်မှု လုပ်ငန်းသုံးစားအုန်းဆီများ သက်ဆိုင်ရာဒေသများသို့ သတ်မှတ်အရေအတွက်အတိုင်း ပြည့်စုံမှန်ကန် စွာ ရောက်ရှိရရှိစေရေးအတွက် အစဉ်တစ်စိုက်စစ်ဆေး ကြီးကြပ်မှုများကို ဆောင်ရွက်လျက်ရှိရာ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများသည် ၁၂.၄.၂၀၂၆ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီ အချိန်တွင် မြင်းခြံမြို့နယ် စားအုန်းဆီကိုယ်စားလှယ်၏ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီမှ စက်မှု လုပ်ငန်းသုံးများအတွက် ခွဲဝေရရှိသည့်စားအုန်းဆီ(၁၆၂) ပေပါ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြင်းခြံမြိို့နယ် စားအုန်းဆီကိုယ်စားလှယ်က စက်မှုလုပ်ငန်း သုံးများအတွက် ခွဲဝေရရှိသောဆီပေပါများသည် သတ်မှတ်ထားသောဆီပေပါများဖြင့် ထည့်သွင်းသယ် ဆောင်မှုရှိ/မရှိ၊ စားအုန်းဆီပေပါလုံးရေ ပြည့်စုံမှန်ကန်မှုရှိမရှိ၊ ကားနံပါတ်နှင့်ယာဉ်မောင်းတို့၏ အမည်များပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ လက်လီဆိုင်များသို့ ဖြန့်ခွဲမည့်ပေပါလုံးရေ စာရင်းများကိုက်ညီ မှုရှိ/မရှိ၊ ဆီပေပါများ ပေါက်ပြဲယိုစိမ့်မှုများရှိ/မရှိ တို့ကို စိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စားအုန်းဆီများကို လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသော အလုပ်ရုံ/ စက်ရုံများသို့ စနစ်တကျ ဖြန့်ခွဲပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများတွင် အမှန်တကယ် အသုံးပြုမှုရှိ/မရှိကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။

DOCA(မန္တလေး)