“ စဉ့်ကိုင်မြို့ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချသည့်ဆိုင်များအားကွင်းဆင်းစစ်ဆေး”

Powered by Drupal

                      ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် ဧပြီလ (၃)ရက် နေ့တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။ စဉ့်ကိုင်မြို့ရှိ အရန်သင့် အစားအစာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ် နှင့်ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်စပ်လျဉ်း၍တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက် ပါဝင်သော တရားဝင် ကုန်စည်များကို ဈေးကွက်အတွင်းဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက် ခြင်းမရှိပါက အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍လည်း  စဉ်ဆက်မပျက် ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)