
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့တွင် မိတ္ထီလာမြို့ရှိ Baby Loo Loo Online Sale ရောင်းချသည့်ဆိုင်နှင့် အောင်ဇဗ္ဗူဟိန်းဆီစက် Online Sale ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
