“ပဲတီစိမ်းများ‌စိုက်ပျိုးမှုနှင့်‌စျေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ပဲတီစိမ်း သီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုး လျက်ရှိပါသည်။ ပဲတီစိမ်းဆောင်း စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း (၆၅၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ ပဲတီစိမ်းကို မတ်လများတွင် စတင်စိုက်ပျိုးပြီး ဇွန်လနှင့် ဇူလိုင်လများတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးမှုမျိုး အနေဖြင့် ကျောက်စိမ်းမျိုး နှင့် ရေးဆင်း-၁၁မျိုး များကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊ (၁)ဧက မျိုးစေ့(၅-၆) ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုး စျေးနှုန်းအနေဖြင့် (၁)ပြည်လျှင် (၇၀၀၀/-) ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၁၃-၁၅) တင်း ခန့်ထွက် ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ရွာမုန်းကြီး၊ စပယ်တော၊ မယှက်ရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေး အတန်းလိုက်စနစ်ဖြင့် အစေ့ချစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲတီစိမ်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-) ကျပ်‌ စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)